
ဘိုကလေး မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၂.၁၀.၂၀၂၅) နေ့၊ မနက် (၁၀:၃၀) နာရီအချိန်တွင် ဘိုကလေးမြို့နယ် မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် Dumex Dupro အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာ အတု/အပများ ဈေးကွက် အတွင်း ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စိစစ်ခဲ့ကြပါသည်။
ထိုသို့ ကွင်းဆင်းစိစစ်ရာတွင် ဘိုကလေးမြို့နယ် မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်တွင် Dumex Dupro (ဒူးမက်ဒူပရို) အမှတ်တံဆိပ်ဘူးများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံ စွာဖော်ပြထားရှိမှုအခြေအနေနှင့် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့် ရက်စွဲတို့ကိုပါ ထည့်သွင်းဖော်ပြထားရှိကြောင်း ကွင်းဆင်းစိစစ်ခဲ့မှုအရ သတင်းရရှိပါသည်။
(Doca ဧရာဝတီ)
