Main menu

MyRo မှတ်ပုံတင်ထားသော ဆန်စက်သိုလှောင်ရုံအား သက်တမ်းတိုး လုပ်ငန်း ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်း ဖြည့်သွင်းခြင်းလုပ်ငန်းများ ကူညီဆောင်ရွက်

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးသည် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့ နံနက်(၁၁း၀၀)အချိန်တွင် စစ်ကိုင်းမြို့၊ ပတ္တမြားစက်မှုဇုန်ရှိ ရတနာထွန်းဆန်စက် MyRo မှတ်ပုံတင်ထားသည့် သိုလှောင်ရုံသို့ မြေပြင်ကွင်းဆင်း ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် MyRo မှတ်ပုံတင်ထားသည့် သိုလှောင်ရုံများ၏ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများအား လစဉ် လဆန်း(၁)ရက်နေ့မှ (၇)နေ့အတွင်း MyRo ဖြစ်သော www.MyRo.com.mm တွင် ဖြည့်သွင်းရန် ဆန်စက်၊ ဆန်ဆိုင်လုပ်ငန်းရှင်များအား ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိုလှောင်ရုံမှတ်ပုံတင် သက်တမ်းတိုးခြင်းလုပ်ငန်းအပြင် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများ ဖြည့်သွင်းသည့်လုပ်ငန်းများလည်း ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)