
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၉-၁၀-၂၀၂၅ ရက်နေ့ နံနက်(၉)နာရီအချိန်က ခရိုင် အစားအေသာက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် အတူ အသင့်သောက် ရေသန့်ဗူး အမျိုးမျိုးအား ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကုန်အညွှန်းအမှတ်အသားပြည်စုံစွာဖော်ပြပါဝင်မှု ရှိမရှိနှင့်၊ သက်ဆိုင်ရာထောက်ခံချက်များ ပါဝင်မှု ရှိမရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်ခရိုင်စစ်ဆေးရေးအရာရှိ ဦးအောင်ဇော်ဦးက ရေသန့်ရောင်းချသည့် ကုန်မျိုးစုံအရောင်းဆိုင် ၈ဆိုင်တို့မှ လုပ်ငန်းရှင်တို့ကို ဌာန၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ပြီး မိမိတို့ဒေသအတွင်း ရောင်းချနေသော ရေသန့်အမျိုးမျိုးတွင် သက်ဆိုင်ရာဌာန၏ သတ်မှတ်ရန်ဖော်ပြထားသည့် အချက်အလက်များ၊ ထောက်ခံခွင့်ပြုချက်များ ပါဝင်မှု ရှိ မရှိ၊ ကုန်အညွှန်အမှတ်အသားဖော်ပြချက်များ ပါဝင်မှု ရှိ မရှိစစ်ဆေးဆောင်ရွက်ခဲ့ပြီး ဆိုင်တွင်ရောင်းချနေသော ရေသန့်ဗူးများကို စနစ်တကျ အရိတ်ပ်အောက်တွင်ထားရှိပြီး ရောင်းချရန်၊ နေရောင်နှင့် တိုက်ရိုက်ထိတွေ့သော နေရာများတွင် ချ၍ ရောင်းချခြင်းမျိုး မပြုလုပ်ရန် ရောင်းချသည့် လုပ်ငန်းရှင်တို့ကလည်း ကုန်စည်များတွင် ဖော်ပြထားသည့် အချက်များကို လိုက်နာ၍ စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်စွာရောင်းချကြရန်ကို မှာကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)
