Main menu

ဈေးကွက်အတွင်း ရောင်းချသည့် အသင့်စားမုန့်အမျိုးမျိုးအား ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီး၊ ​မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ကမ်းနားလမ်း ဈေးကြီးလမ်းမဘေးတွင်  ​ရောင်းချသည့် အသင့်စားမုန့်နှင့် စား​သောက်ကုန်များနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ကုန်အညွှန်းအမှတ်အသားနှင့် သက်တမ်းလွန်မုန့်များရောင်းချမှု ရှိ မရှိကို ၁၀-၁၀-၂၀၂၅ ရက်နေ့ နံနက် ၉နာရီ အချိန်က မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ခံနှင့် FDA ၊ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   ထိုသို့ ကွင်းဆင်းရာတွင် မအူပင်မြို့နယ် စစ်ဆေးရေးအရာရှိ ဒေါ်ခိုင်ခိုင်လင်းက စစ်ဆေးရာ အသင့်စားမုန့်နှင့် စားသောက်ကုန်​ရောင်းချသည့် အရောင်းဆိုင်များ၌ အသင့်စားမုန့်အမျိုးမျိုး၊ သောက်ရေသန့်အမျိုးမျိုး၊ အချိုရည်နှင့်ယိုမျိုးစုံ၊ စည်သွပ်အစားအစာအမျိုးမျိုး၊ အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်ကုန်ပစ္စည်းများ၊ စား​သောက်ကုန်များ၊ ကုန်ခြောက်များနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ် ရှိ၊ မရှိ အခြေအနေများ၊ ရောင်းချနေသည့်ကုန်ပစ္စည်းအမျိုးအစားများအလိုက် (FDA)ခွင့်ပြုချက်ပါရှိမှု၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိမှု ရှိမရှိအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးကြပြီး ဈေးအတွင်းရှိ ဆိုင်ပိုင်ရှင်များအား အစားအ​သောက်ကုန်သွယ်​ရောင်းချသူများလိုက်နာရန်အချက်များ၊ ခွင့်မပြုဆိုး​ဆေးများ ​ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခြင်းခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)