
၁၃.၁၀.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် ပူးပေါင်း၍ “အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး Talk Show” ဆွေးနွေးပွဲကျင်းပ ပြုလုပ်ခဲ့ပါသည်။
ထိုဆွေးနွေးပွဲတွင် မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဒေါ်ဇာဇာဖြိုးက (Talk Show) ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးမှ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် ပတ်သက်သည့်အမိန့်ထုတ်ပြန်ခဲ့သည့်နေ့ရက်နှင့် အမိန့်ကြော်ငြာ စာပါ အကြောင်းအရာများအားလည်းကောင်း၊ အွန်လိုင်းမှတ်ပုံတင်ခြင်းကို စတင်အသုံးပြု ခဲ့သည့် နေ့ရက်၊ စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် မှတ်ပုံတင်သည့်အခါ ကြိုတင်ပြင်ဆင်ရမည့် အချက်များ၊ မှတ်ပုံတင်သည့်အခါ သိရှိရန်လိုအပ်သည့်အချက်များနှင့် သိလိုသည်များအား ဆက်သွယ်မေးမြန်းနိုင်သည့် လိပ်စာများအား ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)
