
စားသုံးသူရေးရာဦးစီးဌာန၊ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်အေးအေးမော်၊ ဒေါ်မိုးမိုးကြည်နှင့် ဝန်ထမ်းများသည် (၁၃.၁၀.၂၀၂၅)ရက်နေ့၊ နံနက် (၉း၀၀) အချိန်ခန့်တွင် ဝန်ဆောင်မှုကဏ္ဍ (၃) ရပ်နှင့်စပ်လျဉ်း၍ ဦးစားပေးစစ်ဆေးရမည့် ဆက်သွယ်ရေး ဝန်ဆောင်မှု၊ (အင်တာနက်) ဝန်ဆောင်မှုဆိုင်ရာကဏ္ဍအား ကျန်စစ်မင်းအိမ်ယာ၊ လှိုင်သာယာ မြို့နယ်တွင် ဖွင့်လှစ် ထားသော Ast System Technololgy Co.Ltd အင်တာနက်ဝန်ဆောင်မှုအား စားသုံးသူများနစ်နာမှုမရှိစေရေးအတွက် သိသည့်သိထိုက်သည့် အချက်အလက်များအား အသိပ ညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိ ဒေါ်အေးအေးမော်နှင့် ဒေါ်မိုးမိုးကြည် က ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားထားသည့် အချက်(၁၁)ချက် အပေါ်အခြေခံ၍ စစ်ဆေးခဲ့ရာ အဆိုပါလုပ်ငန်းသည် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၃)ရှိ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အားမခံချက်ပေးရသည့်လုပ်ငန်းဖြစ်ကြောင်း မည်သည့်လုပ်ငန်းရှင်မဆို စားသုံးသူ ပေါ်ဝန်ဆောင်မှုပေးခြင်းနှင့်ပတ်သက်သည့် အချက်(၅)ချက်အား ရှင်းလင်းအသိပညာပေးပြော ကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
