
စားသုံးသူရေးရာဦးစီးဌာန၊ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(စစ်ဆေးရေးအရာရှိ)နှင့်ဝန်ထမ်းများသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၃.၁၀.၂၀၂၅ )ရက် နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် အမှတ် (၇)၊ (၁၀၈)လမ်း၊ တောင်ညွန့်ကြီးရပ်ကွက်၊ မင်္ဂလာ တောင်ညွန်မြို့နယ်၊ “စန္ဒာမြိုင်ဆေးကုမ္မဏီ” သို့ ပြည်တွင်းဆေးဝါးပြတ်လပ်မှုမရှိစေရေး ဆေးဝါး များနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့စစ်ဆေးမေးမြန်းရာတွင် ဆေးကုမ္မဏီများတွင် ဖြန့်ဖြူးရောင်းချသည့်ဈေးနှုန်း၊ပစ္စည်းပြတ်လပ်မှုရှိ/မရှိနှင့်လက်ကားဈေးနှုန်းအပေါ်တွင် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းထက် ပိုမိုရောင်းချခြင်းမပြုရန်၊ သက်တမ်းလွန်ဆေးဝါးများရောင်းချခြင်းမပြုရန်၊ တရားဝင်မှတ်ပုံတင် ထားသော ဆေးဝါးများသာရောင်းချရန်နှင့် ဆေးနှင့်ဆေးပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်နှင့်ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်သိုလှောင်ခြင်းများပြုလုပ်ပါကအရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရအရေးယူခံရမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
