Main menu

ဘီးလင်းမြို့နယ်တွင် အသင့်သောက်အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     ၁၅.၁၀.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊

 မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက်၊ မင်္ဂလာစျေးအတွင်း၌ အသင့်သောက်အချိုရည်အမျိုးမျိုး ရောင်းချနေသော ဆိုင်များသို့သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းစေရေး ရည်ရွယ်၍ စျေးကွက်စောင့်ကြည့်စစ်ဆေးမှု ပြုလုပ်ခဲ့ရာတွင် အသင့်သောက်အချိုရည်အမျိုးမျိုး တို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက် ပါ/မပါ နှင့် အချိုရည်အမျိုးမျိုးတို့၏ ထုတ်လုပ်သည့်ရက်စွဲ၊ ကုန်ဆုံးရက်စွဲတို့ကို အဓိကထား စစ်ဆေးစစ်ဆေးခဲ့ကြောင်း ကုန်စည်ရောင်းချသူများအား ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာ ဖော်ပြထားသော ကုန်စည်မျိုးကိုသာ ဝယ်ယူ ၊ တင်သွင်း ရောင်းချကြပါရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်းတို့ကို သတင်းရရှိပါသည်။

 DOCA (မွန်)