Main menu

ကော့သောင်းမြို့ ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်များအား ကွင်းဆင်းစုံစမ်းခြင်း

Powered by Drupal

     ကော့သောင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည် ဘိလပ်မြေထုတ်လုပ်နေသည့် စက်ရုံများနှင့်ဘိလပ်မြေရောင်းချနေသည့် ဆိုင်များအား (၁၃.၁၀.၂၀၂၅) ရက်နေ့ နံနက်(၉:၀၀) အချိန်တွင် ကော့သောင်းမြို့ပေါ်ရှိ ဘိလပ်မြေအရောင်း ဆိုင်များတွင် ပစ္စည်းပြတ်လပ်မှုရှိ/မရှိ ၊ စျေးနှုန်းကြီး မြှင့်မှုရှိ/မရှိ ကွင်းဆင်းစုံစမ်းရာတွင် မြေပြင် တွင် ပစ္စည်းပြတ်လပ်မှုမရှိပါကြောင်း  သိရှိရပါသည်။

      ကွင်းဆင်းစုံစမ်းရာတွင် ဘိလပ်မြေစျေးနှုန်းမှာ ယခင်လတွင် ဘိလပ်မြေအမှတ်တံဆိပ် ဆင်နီ (SCG)  ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် ၁၈၈၅၀ ကျပ်ရှိပြီး ယခုလတွင် ဘိလပ်မြေအမှတ် တံဆိပ် ဆင်နီ (SCG) ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် ၁၈၁၂၅ ကျပ် ဖြစ်ပေါ် လျက်ရှိပြီး၊ ယခင်လ ဘိလပ်မြေ အမှတ်တံဆိပ် ကျား (SCG) ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် ၁၆၃၈၀ ကျပ်ရှိပြီး ယခုလတွင် ထိုင်းကျား (SCG) ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် ၁၅၇၅၀ကျပ် ဖြစ်ပေါ်လျက်ရှိရာ ယခင်လနှင့်ယခုလ နှိုင်းယှဉ်ပါက စျေးနှုန်း ကျဆင်းလျက်ရှိကြောင်းသိ ရှိရပါသည်။

DOCA (တနင်္သာရီ)