
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့၊ ၀၉း၀၀ နာရီအချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်၊ ရေးလမ်းရှိ ဟိုင်းဝေးကားဂိတ်ယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Myanmar Oil Alliance Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၈၈) ပေပါကို ယာဥ်မောင်း ဦးရဲနိုင်ဦး ယာဉ်အမှတ် 2I-7044 ၊ Kaung Hlyan New Asia Co,Ltd မှ စားအုန်းဆီ (၇၈) ပေပါနှင့် Yadanarbon Global Network Distribution Co,Ltd မှ (၂၈)ပေပါတို့ကို ယာဥ်မောင်း ဦးမြင့်ဇော်သန်း၊ ယာဉ်အမှတ် 7F-3777/Nissan မော်တော်ယာဉ်ဖြင့် တင်ဆောင်၍ ရောက်ရှိလာရာ စားသုံးသူရေးရာ ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးဦးစိုးဦးနှင့်တာဝန်ရှိသူများက သွားရောက်စစ်ဆေး ခဲ့ကြောင်း၊ ယင်းသို့ရောက်ရှိလာသော စားအုန်းဆီ (၁၉၄) ပေပါအား ကုမ္ပဏီ၏ လက်ကားအရောင်း ကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ် ၏ ယမုံလှိုင် ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများ အား ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
