Main menu

ကံမမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆန်ကုန်သည်၊ ဆန်အရောင်းလုပ်ငန်းရှင်များအား အသိပညာပေးဟောပြောဆောင်ရွက်ခြင်း

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် တာဝန်ခံသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၂၀.၁၀. ၂၀၂၅) ရက်နေ့၊ နေ့လည်(၁၄း၀၀)နာရီအချိန်တွင် ကံမမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆန်ကုန်သည်၊ ဆန်အရောင်း လုပ်ငန်းရှင်များအား အသိပညာပေး ဟောပြော ပွဲပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ ဟောပြောပွဲတွင် မြို့နယ် အုပ်ချုပ်ရေးမှူးမှ ဆန်ကုန်သည် ဆန်အရောင်း ပိုင်ရှင် များအား ဆန်စပါးဝယ်ယူခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ကြိတ်ခွဲထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းတို့ကို စဥ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေး၊ မြို့နယ်မှ လိုအပ်သည့် စာရင်းဇယားများ လွယ်ကူစွာရရှိစေရေး တို့အား အသေးစိတ်ရှင်းလင်းပြောကြားခြင်းနှင့် ကံမမြို့နယ် တာဝန်ခံ ဒေါ်နွဲ့ယဥ်ဝင်းမှ ဆန်စပါး ရောင်းဝယ်သည့် လုပ်ငန်းရှင်များအား ဆန်အိတ်(၅၀၀)နှင့် စပါးတင်း (၂၅၀၀)အထက် သိုလှောင် ထားသည့် လုပ်ငန်းရှင်များအား မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ ထုတ်ပြန်ထားသည့် Myanmar Rice Online (MyRO)တွင် မဖြစ်မနေ မှတ်ပုံတင်နိုင်ရေး၊ မြို့နယ်ဆန်စပါး ကုန်သည်များအသင်း ဖွဲ့စည်းဆောင်ရွက်နိုင်ရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(မ‌ကွေး)