
ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်း ထွန်း(ဌာနခွဲစာရေး)နှင့်ဝန်ထမ်းများသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ၁၆. ၁၀ .၂၀၂၅ ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် အမှတ် (၁၀၃၇) အောင်သပြေ(၁၃)လမ်း၊ အရှေ့ ရပ်ကွက်၊ သာကေတမြို့နယ်ရှိ “ဆုလာဘ်” ဆေးဆိုင်အား စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိ ရပါသည်။
ထိုသို့စစ်ဆေးရာတွင် ဆေးဆိုင်တွင် ဆေးနှင့်ဆေးပစ္စည်းအမျိုးပေါင်း(၂၀၀)မျိုးကျော် ရှိသည့်အနက် သွေးကျဆေး၊ သွေးကျဲဆေး၊ အကိုက်ခဲပျောက်ဆေး၊ နှာစေးပျောက်ဆေး၊ ဆီးချိုဆေး၊ လေဆေး၊ အားဆေး၊ ပိုးသတ်ဆေး၊ ဓာတ်ဆားထုပ် စသည့်တို့မှာ အများဆုံး ရောင်းရကြောင်း၊ ပစ္စည်းပြတ်လပ်မှုမရှိ၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြင့်သာရောင်းချ ပေးပါကြောင်း ဆိုင်တာဝန်ခံထံမှ စုံစမ်းသိရှိခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA (ရန်ကုန်)
