Main menu

 “ ကော့မှူးမြို့နယ်ဈေးကွက်အတွင်းရှိဖြန့်ဖြူးရောင်းချလျက်ရှိသောဆေးဝါးများ၏ဈေးနှုန်း အခြေအနေကွင်းဆင်းစစ်ဆေး”

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ရပ်ကွက်များနှင့်စည်ပင်သာယာ မြို့မဈေးအတွင်း/အပြင်ရှိ ဆေးဆိုင်များသို့ အောက်တိုဘာလ(၂၀)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီ အချိန်တွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆေးဝါးများ၏ ဈေးနှုန်းပြောင်းလဲမှု အခြေအနေအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ် စားသုံးသူရေး ရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်း၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဆရာမ ဒေါ်မြတ်ပန်းဝတ်ရည်အေးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင်တို့ ပူးပေါင်းအဖွဲ့ဖြင့် ဗိုလ်ချုပ်လမ်း၊ မြို့မရပ်ကွက်ရှိ အောင်သစ္စာ ဆေးဆိုင်၊ ဗိုလ်ချုပ်လမ်း မကျီးတန်းရပ်ကွက်ရှိ ဇာနည်ဆေးဆိုင်နှင့် စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ ဆေးဆိုင်များဖြစ်သော မေခလာ၊ အေးမင်းစိုး၊ ဝင်းလဲ့ရည်စိုး ဆေးဆိုင်တို့တွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆေးဝါးများတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ၏ ခွင့်ပြုထောက်ခံချက်ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသော ဆေးဝါးများ ရောင်းချ ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များအား စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိသော ဆေးဝါးများ၊ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုထောက်ခံချက်ပါရှိသော ဆေးဝါး များကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြော ကြားခဲ့ပြီး ဆေးဝါးများ၏ ဈေးနှုန်းများအား စာရင်းကောက်ယူ ဈေးကွက်စောင့်ကြည့် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)