Main menu

ကော့မှူးမြို့နယ်ရပ်ကွက်ကျေးရွာအုပ်စုများရှိဆန်စက်များ၏ဆန်စပါးကြိတ်ခွဲထုတ်လုပ်မှုနှင့် ဆန်စပါးလက်ကျန်အခြေအနေကွင်းဆင်းစစ်ဆေး”

Powered by Drupal

       ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ဆန်စက်များ၏ ဆန်စပါးကြိတ်ခွဲထုတ်လုပ်မှုနှင့် ဆန်စပါးလက်ကျန်အခြေအနေအား အောက်တို ဘာလ(၁၆)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် စာရင်းကောက်ယူမြေပြင်ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင်စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့၊သတင်းရဲတပ်ဖွဲ့၊အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ ဖြင့် တောင်ပိုင်းရပ်ကွက်၊ ဖရုံချောင်းကျေးရွာ၊ ထမ္မနိုင်ကျေးရွာ၊ ဝါးဘလောက်သောက်ကျေးရွာ၊ သခွပ်ပင်ကျေးရွာများမှ ဆန်စပါးကြိတ်ခွဲထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆန်စက်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီး ဌာန၊ ပုဂ္ဂလိကစက်မှုလုပ်ငန်းမှတ်ပုံတင်သက်တမ်းတိုးဆောင်ရွက်ထားမှုအခြေအနေ၊ MyRoသို လှောင်ရုံမှတ်ပုံတင်သက်တမ်းတိုးဆောင်ရွက်မှု အခြေအနေနှင့် ဆန်စပါးကြိတ်ခွဲထုတ်လုပ်နိုင်မှု အခြေအနေ၊ ဆန်နှင့်ဆန်ထွက်ပစ္စည်းလက်ကျန်၊ စပါးအမျိုးအစားအလိုက် လက်ကျန်များအား စာရင်းကောက်ယူမြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)