Main menu

မြိတ်မြို့သို့ ပြည့်ဖြိုးအောင်(၉)ရေယာဉ်ဖြင့် ဆန်များရောက်ရှိလာ

Powered by Drupal

  မြိတ်ခရိုင်ဆန်ကုန်သည်များအသင်းသည် မြိတ်ခရိုင်အတွက် လိုအပ်သောဆန်များကို ရန်ကုန် နှင့် ဧရာဝတီတိုင်းတို့မှမှာယူလျက်ရှိပြီး(၁၅.၁၀.၂၀၂၅)ရက်နေ့တွင်  ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံ ခရိုင်၊ ဒေးဒရဲမြို့နယ်မှ ပြည့်ဖြိုးအောင်(၉)ရေယာဉ်ဖြင့် ဆန်တန်(၁၄၀)၊ အိတ်ရေ (၂၈၀၀) တို့ကို သယ်ယူ၍ (၂၁.၁၀.၂၀၂၅)တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ပါသည်။

          ထိုသို့ရောက်ရှိလာသောရေယာဥ်ကိုမြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင် အကောက်ခွန်ဦးစီးဌာန၊ မြိတ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြိတ်ကုန်သွယ်ရေးဦးစီး ဌာန၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့ပါဝင်သောအဖွဲ့များဖြင့်  ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)