Main menu

တောင်ငူမြို့နယ်အတွင်းရှိ Online Shop လုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

  (၁၅.၁၀.၂၀၂၅) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူနှင့် ဦးနေစိုးထက်၊ ဒု-ဦးစီးမှူးတို့သည် မဟင်ကျေးရွာအုပ်စု ၊ နှစ်ဆောင်ပြိုင်ကျေးရွာရှိ Thazin Khaing  Online Shop လုပ်ငန်းမှတ်ပုံတင်ထားသူ  မသဇင်ခိုင်နှင့်တွေ့ဆုံ၍  Online Shop မှတ်ပုံတင်ရာတွင်ပါရှိသော အချက်အလက်များ မှန်ကန်မှုရှိ/မရှိ ကွင်းဆင်းမေးမြန်း ခဲ့ပါသည်။

  Thazin Khaing Online Shop လုပ်ငန်းဆောင်ရွက်သူ မသဇင်ခိုင်သည် အင်္ကျီ၊ ပုဆိုး၊ အမျိုးသမီးဝတ် အဝတ်အထည်များရောင်းချလျက်ရှိကြောင်းနှင့်   Online Shop မှတ်ပုံတင်ရာ တွင် တင်ပြထားသည့်ကုန်ပစ္စည်းအမယ်များထက် ပို၍ရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ ရှိရပါသည်။ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူမှ မှတ်ပုံတင်လျှောက်ထားသူ၏ အကျင့် စာရိတ္တကောင်းမွန်ကြောင်း၊ အမည်ပျက်စာရင်း(Black List) တွင်ပါဝင်ခြင်းရှိ/မရှိ၊ ရောင်းချ သည့် ကုန်စည်/ ဝန်ဆောင်မှုသည် (တင်ပြစဉ်ကကုန်စည်/ ဝန်ဆောင်မှုအတိုင်း ကိုက်ညီ မှုရှိ/မရှိ)၊ ရောင်းချမည့်ကုန်ပစ္စည်းများသည် တည်ဆဲဥပဒေတစ်ရပ်ရပ်ဖြင့်ညှိစွန်း ခြင်းရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

DOCA(ပဲခူး)