
စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများအား အသိပညာပေး ဟောပြောခြင်းများကို အောက်တိုဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက အုတ်တွင်းမြို့ ၊သောင်းတိုင်ကုန်း အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ် ခဲ့ပါသည်။
ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်က စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် ဦးစီးဌာနမှ ဆောင်ရွက်ချက်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲရန် အရေးကြီးပုံများကို အသိပညာပေး ဟောပြောခဲ့ပါသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အုတ်တွင်းမြို့နယ်ဦးစီးမှူး ဒေါ်ခင်မူမူဝင်းက စာဖတ်ရှိန် မြှင့်တင်ရေးနှင့် လူငယ်ဆိုင်ရာ ဗဟုသုတကို ဟောပြောခဲ့ ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၁၃၂ ဦး တက်ရောက်ကြောင်း သိရပါသည်။
DOCA(ပဲခူး)
