
စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး) နှင့် ဝန်ထမ်း(၂)ဦးတို့သည် (၂၂.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် တာမွေမြို့နယ်၊ အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမ (၁၀)ဦး၊ ကျောင်းသား၊ ကျောင်းသူ (၁၅၀)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်မိုးမိုးကြည်(စစ်ဆေးရေးမှူး)က ၂၀၁၉ခုနှစ်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏အဓိပ္ပါယ် ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းဆိုင်ရာအချက်အလက်များအကြောင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိလျှင် တိုင် ကြားနိုင်ရန် CICC ရုံးခန်းများဖွင့်လှစ်ထားရှိမှု၊ ဖြေရှင်းပေးနေမှုအခြေအနေများ၊ Call Center 1535 သို့ တိုက်ရိုက်ခေါ်ဆိုမေးမြန်းတိုင်ကြားနိုင်ပါကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။
ထို့နောက် ဒေါ်အေးအေးမော်က စားသုံးသူများ၏အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးနိုင်ရန်အတွက် စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့ကြောင်း၊ စားသုံးသူအခွင့်အရေး (၈)ချက်အကြောင်းအရာများ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာများ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ(၄၁) ပုဒ်မခွဲ (ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့ အား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊ စားသုံးသူထိခိုက်နစ်နာလျှင် တိုင်ကြားနိုင်မည့်နည်းလမ်း များနှင့် အွန်လိုင်းစျေးရောင်းချမှုနှင့်ပတ်သက်၍ သုံးစွဲသူများသိရှိရမည့်အကြောင်းအရာများကိုရှင်း လင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်၍ ကျောင်းမုန့်ဈေးတန်းရှိ အသင့်စားမုန့်အမျိုးမျိုးနှင့်အသင့် သောက်အချိုရည်တို့တွင် စတင်ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲမပါသော မုန့်များအားရောင်းချခြင်းမပြုရန်၊ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသောဈေးသည်များအား သန့်ရှင်းလတ်ဆက်သောမုန့်များကိုသာရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် စားသောက်ကုန်များအားရောင်းချခြင်းမပြုလုပ်ကြရန်နှင့် ကျောင်းသား/ကျောင်းသူများအားဘေး အန္တရာယ်ဖြစ်စေမည့် စားသောက်ကုန်များအား ရောင်းချခြင်းမပြုလုပ်ကြရန်၊ ထိုသို့ပြုလုပ်ပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)
