Main menu

သထုံမြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်

Powered by Drupal

    ၁၇.၁၀.၂၀၂၅ ရက်နေ့ နံနက် (၁၀း၃၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်း၊ ဒု-ဦးစီးမှူး ဦးစည်သူနှင့် ဝန်ထမ်းများသည် သထုံမြို့နယ်၊ တောင်စွန်းကျေးရွာ (အ.မ.က) သင်တောကျောင်း၌ စားသုံးသူ ကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

     အဆိုပါ ဟောပြောပွဲတွင် ဒုတိယဦးစီးမှူး ဦးစည်သူက စားသုံးသူအခွင့်အရေး (၈) ချက် နှင့် တာဝန် (၄) ရပ်အကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားနိုင်မည့်နေရာနှင့် နည်းလမ်းများအကြောင်း အကျယ်တဝင့်ဆွေးနွေးပြောကြားပြီး Consumer Call Center (1535) သို့ ခေါ်ဖုန်းခေါ်ဆိုသရုပ်ပြခဲ့ကြောင်း သိရသည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာ/ ဆရာမ (၄) ဦးနှင့် ကျောင်းသား/ကျောင်းသူ (၈၀) ဦး တက်ရောက်ခဲ့ပြီး ကျောင်းအုပ် ဆရာမကြီးသို့ လက်ကမ်းစာစောင်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)