Main menu

ထွန်းဝင်းသဘာဝခေါင်းလျှော်ရည်လုပ်ငန်းသို့ ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသား စစ်ဆေးခြင်း

Powered by Drupal

      ၂၂.၁၀.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်ဦးစီးမှူး ဦးထွန်းအောင်ဖြူ၊ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းနှင့် ဒု-ဦးစီးမှူး ဦးစည်သူတို့သည် သထုံ မြို့နယ်၊ မရမ်း‌ချောင်ကျေးရွာ၊ အမှတ် ၂၊ ဝိဇ္ဇာ ၁ လမ်းရှိ ထွန်းဝင်းသဘာဝခေါင်းလျှော်ရည် လုပ်ငန်းသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ထွန်းဝင်းသဘာဝခေါင်းလျှော်ရည်လုပ်ငန်း ရှင်အား မိမိတို့ထုတ်လုပ်သော ကုန်စည်များအပေါ် မြန်မာနိုင်ငံစားသုံးသူကာကွယ်‌ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှု ရှိ/မရှိ စစ်‌ဆေးခဲ့ရာ ဈေးကွက်မရောက်မီ ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှန်ကန်သော သဘာဝခေါင်းလျှော်ရည်များကိုသာ ထုတ်လုပ်ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA (မွန်)