Main menu

“ ခရမ်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်မိုးစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားကျင်းပခြင်း ”

Powered by Drupal

        ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ခမတ်ကျေးရွာအုပ်စုတွင် ၂၀၂၅- ၂၀၂၆ခုနှစ် Seeder စနစ်ဖြင့် စိုက်ပျိုးထားသော မိုးစပါးဧက (၁၀၀)စံပြကွက်၌ စံကွက်ရိတ်သိမ်း ပွဲအခမ်းအနားကို အောက်တိုဘာလ(၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရှိရပါသည်။

          ထိုစံပြကွက်ရိတ်သိမ်းအခမ်းအနားသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုဦး၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်မန်နေဂျာ ဦးဌေးမောင်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ စုစုပေါင်း(၇၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး ခမတ်ကျေးရွာအုပ်စုရှိ Seeder စနစ် ဖြင့် မိုးစပါးဧက (၁၀၀)စိုက်ပျိုးထားသော စံကွက်၌ တောင်သူဒေါ်နွဲ့ရီပိုင်ဆိုင်သော ကွင်းအမှတ် (၇၈၀ -A)၊ ဦးပိုင်အမှတ်(၁၄)၊ ဧရိယာ (၆.၆၆)ဧကတွင် စိုက်ပျိုးထားသော မှော်ဘီ-၃ စပါးအမျိုး အစားအား စံကွက်ရိတ်သိမ်းခဲ့ရာ စပါးအစိုအထွက်နှုန်း (၁၂၅.၆၃)တင်း၊ စပါးအခြောက် အထွက်နှုန်း (၁၁၉.၆၄)တင်း ထွက်ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)