Main menu

“ လှိုင်မြို့နယ်ရှိဆက်သွယ်ရေးဝန်ဆောင်မှု(အင်တာနက်ဝန်ဆောင်မှု)ကုမ္ပဏီအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ”

Powered by Drupal

          ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု) ဆောင်ရွက်နေသော Myanmar APN Co.ltd အား  အောက်တိုဘာ လ(၂၂)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဈေးကွက်စောင့် ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင် ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးဦးသိန်းမောင်နှင့်ဝန်ထမ်းများသည် အနောက်ပိုင်းခရိုင် လှိုင်မြို့နယ် No.204/ 3rd Floor, The Leaf Office Tower, Dhama Thuka Kyaung Street, Hlaing tsp,Ygn ရှိ Myanmar APN Co.ltd သို့ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိ သည့် လုပ်ငန်းရှင်လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာများ အနေဖြင့် လိုက်နာဆောင်ရွက် ရမည့် အချက်(၁၁)ချက်နှင့်အညီ ဆောင်ရွက်နေခြင်းရှိ/မရှိနှင့် လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများအားရယူခြင်း၊ စားသုံးသူများ၏ နေ့စဉ်လူမှုဘဝ ကိစ္စရပ် အဆင်ပြေချော မွေ့စေရန်အတွက် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးရာတွင် အမှန်တကယ် သုံးစွဲသူများ နစ်နာမှုမရှိစေရေး သိသင့်သိထိုက်သည့် အချက်အလက်များအား ပွင့်လင်းမြင်သာစွာ ဖော်ပြထား ခြင်းရှိ/မရှိတို့အား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထို့အပြင် စားသုံးသူရေးရာဦးစီးဌာန ဒုခရိုင်ဦးစီးမှူးမှ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ၏ ညွှန်ကြားချက်များအား အလေးထားလိုက်နာဆောင်ရွက်ကြရန်၊ အင်တာနက်ဝန်ဆောင်မှုများ အား အမှန်တကယ်သုံးစွဲနေသည့် စားသုံးသူများအား နစ်နာမှုမရှိစေရေး သိသင့်သိထိုက်သည့် အချက်အလက်များအား မှန်ကန်ရှင်းလင်းစွာ ကြိုတင်အသိပေး ဆောင်ရွက်ကြရန်၊ စိတ်ကျေနပ် မှုများရှိပါက Call Center သို့ အလွယ်တကူ ခေါ်ဆိုနိုင်စေရေးဆောင်ရွက်ထားကြရန်နှင့် တိုင်ကြားလာမှုများရှိပါက အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ကုမ္ပဏီမှ တာဝန်ရှိသူနှင့် တွေ့ဆုံ၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)