Main menu

မကွေးမြို့၌ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေး အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၂၃.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးစျေးနှုန်းများနှင့် ပတ်သက်၍ မှန်ကန်မှုရှိစေရေးအတွက် မကွေးမြို့ပေါ်တွင် ရောင်းချလျက်ရှိသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးစျေးနှုန်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ၂၀၂၅ခုနှစ်၊ (စတုတ္ထပတ်)တွင် ဓါတ်မြေဩဇာစျေးနှုန်းများမှာ အာမို (၁၅:၁၅:၁၅) (50 kg) (၁)အိတ်လျှင် ကျပ်(၁၃၈၀၀၀)၊ MC (၁၅:၁၅:၁၅) (50 kg) (၁)အိတ်လျှင် ကျပ် (၁၅၅၀၀၀)၊ တက်တိုး (၁၅:၇:၈) (50 kg) (၁)အိတ်လျှင် ကျပ်(၉၃၀၀၀)၊ ကောမတ် (G-46)(50kg) (၁)အိတ်လျှင် ကျပ်(၁၁၀၀၀၀)၊ ပန်းဖူး(ပုလဲ) (50 kg) (၁)အိတ်လျှင် ကျပ်(၁၀၃၀၀၀)၊ ပင်သန်(50 kg) (၁)အိတ်လျှင် ကျပ်(၁၀၃၀၀၀)တို့ဖြစ်ပြီး ပိုးသတ်ဆေးဈေးနှုန်းများမှာ ပရိုမက်တင် (၅၁.၈ EC)(500CC) (၁)ဘူးလျှင် ကျပ်(၄၁၀၀၀)၊ ဆလက်ပက်(စ်) (500CC)(၁)ဘူးလျှင် ကျပ်(၃၉၅၀၀)၊ ဖို(စ်)တင်း EC (500CC) (၁)ဘူး လျှင် ကျပ်(၃၂၀၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)