Main menu

ပခုက္ကူမြို့ရှိ MyRO မှတ်ပုံတင်ထားသော ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်နှင့် ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍  (၂၁.၁၀.၂၀၂၅)ရက်နှင့် (၂၂.၁၀.၂၀၂၅)ရက်နေ့များ တွင် ပခုက္ကူမြို့ပေါ်ရှိ MyRO မှတ်ပုံတင်ထားသော ဆန်ဆိုင်များနှင့် လက်လီဆိုင်များအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

   ပခုက္ကူမြို့တွင် ဆန်ရောင်းချသောဆိုင်(၆၀)ကျော်ရှိပြီး (၄၇)ဦးမှာ MyRO မှတ်ပုံတင်ထားပြီး ဖြစ်ပါသည်။ ကျန်ဆန်ဆိုင်များမှာ  ဆန်သိုလှောင်ထားရှိမှု အိတ်(၅၀၀)အောက် ရှိသော ဆန်ဆိုင် များဖြစ်ပါသည်။ မှတ်ပုံတင်ပြီး (၄၇)ဦးတွင် (၂၃)ဦးမှာ ရ၊ ထုတ်၊ ကျန် စာရင်းများ ဖြည့်သွင်း ပြီး ကျန်(၂၄)ဦးမှာ စက်တင်ဘာလအထိ ဖြည့်သွင်းခြင်းမရှိကြောင်း တွေ့ရှိရသဖြင့် ကွင်းဆင်းစစ်ဆေး ခဲ့ခြင်းဖြစ်ပါသည်။

   ဆန်ဆိုင်များ My RO မှတ်ပုံတင်ထားခြင်းရှိ/မရှိ၊ ရ၊ ထုတ်၊ ကျန် စာရင်းများ ဖြည့်သွင်း နိုင်ရေးသည် ယခုအချိန်တွင် အရေးကြီးကြောင်း၊ လစဉ်ဖြည့်သွင်းရန်လိုအပ်ကြောင်း၊ ရေးသွင်း ထားသော စာရင်းများနှင့် မြေပြင်လက်ကျန်စာရင်းများ ကိုက်ညီမှုရှိရန် လိုအပ်ကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

   အဓိက ဆန်ရောင်းဝယ်နေသော ဆန်လုပ်ငန်းရှင်()ဦး၏ ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ရာ MyRO တွင် ရ၊ ထုတ်၊ ကျန် စာရင်းများ ဖြည့်သွင်းထားမှုနှင့်် မြေပြင်လက်ကျန်များ တိုက်ဆိုင် စစ်ဆေးရာတွင် အနီးစပ်ဆုံး ကိုက်ညီမှုရှိကြောင်း တွေ့ရှိရပြီး ဆန်လုပ်ငန်းရှင်များမှ ရောင်းဝယ်မှု အခြေအနေများကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)