
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံး ၊အစည်းအဝေးခန်းမတွင် ၁၆-၁၀-၂၀၂၅ ရက်နေ့၌ Thursday Talk အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးနှင့် အရာထမ်း၊အမှုထမ်းများ တက်ရောက်ခဲ့ကြပြီး ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်၊ မြင်းခြံခရိုင်၊ညောင်ဦးခရိုင်နှင့်ပြင်ဦးလွင်ခရိုင်တို့မှ ခရိုင်ဦးစီးမှူးများ၊ ခရိုင်တာဝန်ခံများနှင့် ဝန်ထမ်းများ က virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။ အခမ်အနားတွင် တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ထိုနောက် မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး သတင်းအချက်အလက်နည်းပညာနှင့်အရည်းအသွေးစီမံခန့်ခွဲရေးဌာနခွဲမှ ဒေါ်ချိုမွန် (ဒုတိယဦးစီးမှူး) က MyRO အကြောင်းသိကောင်းစရာ ခေါင်းစဉ်ဖြင့်၎င်း၊ ကျောက်ပန်းတောင်းမြို့နယ် တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒုတိယဦးစီးမှူး)က အညာနှင့်ထန်းအလှခွဲခြား၍မရ ခေါင်းစဉ်ဖြင့် လည်းကောင်း ပြောပြဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးချက်များအပေါ် တိုင်းနှင့်ခရိုင်များရှိ အမှုထမ်းများက အကြံပြု ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဦးစီးမှူးမှ နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)
