
Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအား ၂၁-၇-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃)ဖြင့် အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှစ၍ Online Sale မှတ်ပုံတင်လက်မှတ် လျှောက်ထားလာမှုများအား မြေပြင်ကွင်းဆင်း စစ်ဆေး၍ လျှောက်ထားသည့့််အချက်အလက်များနှင့် မြေပြင်တွင် အမှန်တကယ် ကိုက်ညီမှုရှိမှသာလျှင် မှတ်ပုံတင်လက်မှတ် ထုတ်ပေးမည်ဖြစ်ရာ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ရုံးမှ စစ်ဆေးရေးအရာရှိ ဦးမျိုးထွန်းနှင့် ဒေါ်မြင့်မာလာဝင်းတို့ ဦးဆောင်၍(၂-၁၀-၂၀၂၅)ရက်နေ့မှ (၂၃-၁၀-၂၀၂၅) ရက်နေ့တို့တွင် မန္တလေးမြို့ပေါ်ရှိ Online Sale မှတ်ပုံတင်လျှောက်ထားသည့် လုပ်ငန်း (၈၅) ဆိုင်တို့မှလျှောက်ထားသည့် ကုန်စည်များဖြစ်သည့်ဖန်စီပစ္စည်းများ ၊အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများ၊ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ၊ အလှကုန်များနှင့်လူသုံးကုန်များ၊ လက်မှုပစ္စည်း များ၊ စားသောက်ကုန်များ၊ အီလက်ထရောနစ်ပစ္စည်းများ၊ အခြားဝန်ဆောင်မှုများ၊ ဆောက်လုပ်ရေး ဝန်ဆောင်မှု၊ စက်မှုလုပ်ငန်းသုံး၊ ကလေးအသုံးအဆောင်ပစ္စည်းများ၊ အခြားသုံးပစ္စည်းများ၊ တိရိစ္ဆာန် မွေးမြူရေးသုံးပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ စသည့် လုပ်ငန်းများအား မြေပြင်ကွင်းဆင်း စစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်း ရရှိပါသည်။
DOCA(မန္တလေး)
