
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ် မြို့မ ရပ်ကွက်၊ စားဖိုမှူးတံဆိပ် ငရုတ်ဆီလုပ်ငန်းရှင် ဦးမင်းမင်းစိုးနှင့် (၂၂.၁၀.၂၀၂၅) ရက်နေ့ ၊ နေ့ လည် (၁၄:၀၀ ) နာရီအချိန်တွင်၊ လက်ပံတန်းမြို့နယ်တာဝန်ခံ ဦးကျော်မျိုးထွန်းနှင့် ထုတ်လုံတာဝန်ထမ်း ဆောင်းနေသော ဦးဇော်ထွန်း မှ တွေ့ဆုံ ၍ စားသုံးသူ ကာကွယ်ရေး ဥပဒေအခန်း (၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည် အမျိုး အစားအလိုက် သတ်မှတ်ချက်များနှင့် အညီဖြန့်ဖြူး ရောင်းချရန်၊ ကုန်စည်၏ အရည် အသွေး၊ ထုတ် လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲများ၊ ထားသိုသိမ်း ဆည်းမှု အညွှန်း၊ သုံးစွဲ ပုံနည်း လမ်းများ အားလည်းကောင်း၊ ဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ဥပဒေအခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ စားသုံးသူလက်ခံနိုင်သည့်အရည်အသွေးရှိခြင်းကို အထူးအလေးထားဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်ဖြန့်ဝေခဲ့ပါသည်။
DOCA(ပဲခူး)
