Main menu

သာယာဝတီခရိုင်၊ မိုးညိုမြို့တွင် ရေသန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးဟောပြောခြင်း

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန ၊    ပဲခူးတိုင်းဒေသကြီး၊    သာယာဝတီခရိုင် ၊  မိုးညိုမြို့နယ်မြို့မ ရပ်ကွက်   ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ  ကျော်ကမ္ဘာသောက်ရေသန့် လုပ်ငန်းရှင် ဦးအောင်လွင်ဦးနှင့်(၂၃.၁၀.၂၀၂၅ )ရက်နေ့၊နံနက်(၁၀:၀၀ )နာရီအချိန်တွင်၊ မိုးညိုမြို့နယ်တာဝန်ခံဦးမောင်မောင်အေးမှ တွေ့ဆုံ၍  စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈ )ပါ  ကုန်စည်များ ပေါ်တွင်ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်းနှင့်စပ်လျဉ်း၍   ကုန်စည်အမျိုးအစားအလိုက်  သတ်မှတ်ချက်များနှင့်အညီဖြန့်ဖြူးရောင်းချရန်၊ကုန်စည်၏အရည်အသွေး၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲများ ၊ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းများအားလည်းကောင်း၊ ဥပဒေအခန်း(၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ဥပဒေအခန်း(၁၁)ပါကုန်စည်နှင့်စပ်လျဉ်း၍စားသုံးသူလက်ခံနိုင်သည့်အရည်အသွေးရှိခြင်းကို အထူးအလေးထားဆောင်ရွက်ရန်  အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာ  စောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)