
ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနတွင် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးက “ကျုံကျိုက်”ကျေးရွာရှိ စားအုန်းဆီ ကော်မတီ အဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေးမှာကြားခဲ့ပါသည်။
အဆိုပါတွေ့ဆုံပြောကြားရာတွင် “ကျုံကျိုက်” ကျေးရွာရှိ ပြည်သူများသက်သာသော ဈေးနှုန်းဖြင့် စာအုန်းဆီ ဖြန့်ဖြူးရောင်းချနိုင်ရေး အတွက် ကျေးရွာအတွင်းရှိ အိမ်ထောင်စုဝင် အားလုံးစားသုံးဆီရရှိစေရေး၊ သတ်မှတ်ညွှန်ကြားပေးသော ဈေးနှုန်းအတိုင်းရောင်းချစေရေး၊ အလေးချိန် အချိန်အတွယ် မှန်ကန်မှုရှိစေရေးတို့အား ပြောကြားခဲ့ကြောင်းပြီး “ကျုံကျိုက်” ကျေးရွာ အုပ်စုရှိ စားသုံးဆီ ကော်မတီအဖွဲ့ဝင်များအား လိုအပ်သည်များကိုမှာကြားခဲ့ကြောင်း သတင်းရရှိပါ သည်။
DOCA(ဧရာဝတီ)
