
ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနတွင် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးက “ကျုံသွတ်တညီ ကျေးရွာ အုပ်စု”ကျေးရွာရှိ စားအုန်းဆီ ကော်မတီ အဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေးမှာကြား ခဲ့ပါသည်။
အဆိုပါတွေ့ဆုံပြောကြားရာတွင် “ကျုံသွတ်တညီ” ကျေးရွာရှိ ပြည်သူများသက်သာသော ဈေးနှုန်းဖြင့် စာအုန်းဆီ ဖြန့်ဖြူးရောင်းချနိုင်ရေး အတွက် ကျေးရွာအတွင်းရှိ အိမ်ထောင်စုဝင် အားလုံး စားသုံးဆီရရှိစေရေး၊ သတ်မှတ်ညွှန်ကြားပေးသော ဈေးနှုန်းအတိုင်းရောင်းချစေရေး၊ အလေးချိန် အချိန်အတွယ် မှန်ကန်မှုရှိစေရေးတို့အား ပြောကြား ခဲ့ကြောင်းပြီး “ကျုံသွတ်တညီ ကျေးရွာအုပ်စု”ရှိ စားသုံးဆီ ကော်မတီ အဖွဲ့ဝင်များအား လိုအပ်သည်များကို မှာကြားခဲ့ ကြောင်း သိရှိရရှိပါသည်။
DOCA(ဧရာဝတီ)
