Main menu

“ကျုံတာကျေးရွာအုပ်စု”ရှိ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် စာအုန်းဆီ ဖြန့်ဖြူး ရောင်းချနိုင်ရေး အတွက် ကျေးရွာကော်မတီအဖွဲ့ဝင်များအား ဆွေးနွေးပြောကြား

Powered by Drupal

      ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနတွင် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက် နေ့၊နေ့လယ်  (၁၅:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးက “ကျုံတာ ကျေးရွာအုပ်စု”ကျေးရွာရှိ စားအုန်းဆီ ကော်မတီ အဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေးမှာကြား ခဲ့ပါသည်။

    အဆိုပါတွေ့ဆုံပြောကြားရာတွင် “ကျုံတာ” ကျေးရွာရှိ ပြည်သူများသက်သာသော ဈေးနှုန်းဖြင့်  စာအုန်းဆီဖြန့်ဖြူးရောင်းချနိုင်ရေးအတွက်ကျေးရွာအတွင်းရှိအိမ်ထောင်စုဝင်အားလုံး စားသုံးဆီရရှိစေ‌ရေး၊  သတ်မှတ်ညွှန်ကြားပေးသော ဈေးနှုန်းအတိုင်းရောင်းချစေရေး၊ အလေးချိန် အချိန်အတွယ် မှန်ကန်မှုရှိစေရေးတို့အား ပြောကြား ခဲ့ကြောင်းပြီး “ကျုံတာ ကျေးရွာအုပ်စု”ရှိ  စားသုံးဆီ ကော်မတီ အဖွဲ့ဝင်များအား လိုအပ်သည်များကို မှာကြားခဲ့ ကြောင်း သိရှိရရှိပါသည်။

DOCA(ဧရာဝတီ)