
ကျုံပျော်မြို့နယ် ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် ၂၅.၁၀.၂၀၂၅ ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန် မြို့နယ်တာဝန်ခံရုံးတွင် ကျောင်းစုကျေးရွာ ရှိ “ KS ဆန်စက်” ပိုင်ရှင် ဒေါ်ခင်စန်း အားတွေ့ဆုံပြီး MyRO မှတ်ပုံတင်ဝင်ရန် လိုအပ်သည်များ လမ်းညွှန် ဆောင်ရွက်ပေးခဲ့ပါသည်။ ပြီးနောက် ဆန်စက်ပိုင်ရှင်အား နေ့စဉ် စပါးအဝင်အထွက် နှင့် ဆန်ကြိတ်ခွဲ တင်ပို့မှုစာရင်းများ စနစ်တကျထားရှိရန် နှင့် လ တစ်လ၏ လချုပ်စာရင်းအား နောက်လ လဆန်း (၁)ရက်မှ (၁၀)ရက်အတွင်း MyRO ၏ သိုလှောင်ရုံလုပ်ငန်းစဉ်များတွင် ဝင်ရောက်၍ စပါး၊ဆန် လက်ကျန်စာရင်း ဖြေဆိုပေးနိုင်ပါရန် ကိစ္စရပ်များ မှာကြားဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။
(DOCA) ဧရာဝတီ
