Main menu

ဖျာပုံခရိုင်အတွင်း Online Sale Reg လျှောက်ထားသည့်လုပ်ငန်းများအားကွင်းဆင်းစိစစ်

Powered by Drupal

       ဖျာပုံခရိုင်အတွင်းရှိစားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများသည်၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ

အတွင်း Online Sale Regလျှောက်ထားမှုအားလုပ်ငန်းရှင်၏အဆိုပါလိပ်စာများသို့ကွင်းဆင်း၍စစ်ဆေး

ခဲ့ကြပါသည်။

          ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ( ၂၅.၁၀.၂၀၂၅ )နေ့၌ ဖျာပုံမြို့နယ် ( ၂ )ရပ်ကွက်ရှိ အလှကုန်

ပစ္စည်းများအားOnlineရောင်းချသည့်ဒေါ်စံပယ်ဖြူနှင့်(၁၁)ရပ်ကွက်ရှိဖက်ရှင်အသုံးအဆောင်ပစ္စည်းများ

Online  ရောင်းချသည့်  Kyaw  Kyaw khaing ( နာရီပြတိုက် )သို့လည်းကောင်း၊ ( ၂၂.၁၀.၂၀၂၅ )နေ့၌ ကျိုက်လတ်မြို့နယ်( ၃ )ရပ်ကွက်ရှိ အီလက်ထရောနစ်ပစ္စည်း၊ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ Online  ရောင်းချသည့်  U  Aung  Aung  အောင်အောင်ဂျေအေ ( ဂျက်စတင်အောင် )သို့လည်းကောင်း ကွင်းဆင်း၍Online Sale Reg လျှောက်ထားခြင်းအား Detail Information(၁၈)ချက်နှင့်အညီလုပ်ကိုင် နေခြင်းရှ/မရှိအားကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်း သိရှိရပါသည်။

(DOCA) ဧရာဝတီ