Main menu

ဘိုကလေးမြို့နယ် “ပတ္တမြားကုန်း’” ကျေးရွာအုပ်စုရှိ အိမ်ထောင်စုများအား ဆီဝယ်ယူခွင့်စာအုပ် ပေးအပ်မှု အခြေအနေ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ် ပတ္တမြားကုန်း ကျေးရွာအုပ်စု မြို့နယ် တာဝန်ခံ ရုံး၌ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်နေ့၊ နံနက် (၁၃:၃၀) နာရီ အချိန်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် ကော်မတီအဖွဲ့ဝင်များ လက်ဝယ်သို့ စားအုန်းဆီဝယ်ယူခွင့် စာအုပ် (၆၁၀) အုပ်အား ပေးအပ်ခဲ့ပါသည်။

     ထို့နောက် မြို့နယ်တာဝန်ခံက ဆီစာအုပ်ပေးအပ်မှု ပတ်သက်၍ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြည်သူလူထုလက်ဝယ်သို့ အမှန်တကယ် ရောက်ရှိအောင် သက်သာသော ဈေးနှုန်းဖြင့် သတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ပြန်လည်ဖြန့်ဖြူး ရောင်းချခြင်းအတွက် ဆီစာအုပ်များ ကော်မတီအဖွဲ့ဝင်များ လက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

(DOCA) ဧရာဝတီ