
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ စားသုံးသူအခွင့် အရေးနှင့်အကျိုးစီးပွားကာကွယ်ရေး၊ လုံခြုံစိတ်ချရမှုရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ရွေးချယ်ဝယ် ယူသုံးစွဲတတ်စေရေး၊ ထုတ်လုပ်လာစေရေး၊ တို့အတွက် စားသုံးသူများအပြင် စီးပွားရေးလုပ်ငန်းရှင်များ ကိုလည်း စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများ အသိပညာပေးလျက်ရှိရာ ၂၇.၉.၂၀၂၅ ရက်နေ့၊ နေ့လည် ၁၄:၀၀ နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် တာဝန်ခံရုံးတွင် မြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးဟောပြောဆွေးနွေး ခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး) က စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ၏အခွင့်အရေးနှင့်အကျိုးစီးပွားကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့်စီးပွားရေး လုပ်ငန်းရှင် တို့အကြား ကော်မရှင်နှင့်ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်းစဉ်ကို ဆိုတာဖြစ်ကြောင်း၊ ဆက်လက်၍ စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်၊ ကုန်စည်နှင့်ဝန်ဆောင်မှု၏ အဓိပ္ပာယ်များ၊ နစ်နာဆုံးရှုံးမှုနှင့် ကုန်အညွှန်းအမှတ်အသားတို့၏ အဓိပ္ပာယ်များ၊ စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုကို သုံးစွဲခြင်းကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှု များဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နေရာများနှင့်နည်းလမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့်တားမြစ်ချက်များကိုး အသိပညာပေးဟောပြောဆွေးနွေးခဲ့ရာ လုပ်ငန်းရှင်များက သိရှိလို သည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်းနှင့် ဟောပြောပွဲသို့ လုပ်ငန်းရှင်(၆၇)ဦးတက်ရောက်ခဲ့ ကြောင်း သိရသည်။
DOCA(မန္တလေး)
