Main menu

စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံမှုများနှင့် စပ်လျဉ်း၍ အလွယ်တကူတိုင်ကြားနိုင်ရန် စားသုံးသူရေးရာဦးစီးဌာန၏ Call Center 1535 နှင့် စပ်လျဉ်း၍ အသိပညာပေး

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ မြို့နယ်ရုံးများအနေဖြင့် အများပြည်သူများ ကုန်စည် (သို့) ဝန်ဆောင်မှုတွေကို ဝယ်ယူသုံးစွဲတယ့်အခါ ထိခိုက် နစ်နာမှုတွေရှိရင် ဘယ်လိုနည်းလမ်းတွေကို အသုံးပြု၍ ဘယ်သူတွေတိုင်ကြားနိုင်လည်းဆိုရင် စားသုံးသူရေးရာဦးစီးဌာန၏ Call Center 1535 သို့ ဆက်သွယ်တိုင်ကြား စားသုံးသူအခွင့်အရေး သိရှိလိုပါက မေးမြန်းနိုင်ကြောင်းကို အများ ပြည်သူ ကျယ်ကျယ်ပြန့်ပြန်သိရှိနိုင်ရန်ကို လုပ်ငန်းစဉ်တစ်ရပ်ကဲ့သို့ ပန်းတနော် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက လစဉ်လှုပ်ရှား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

       မအူပင်ခရိုင်  ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးတွင် ရပ်ကွက်နေပြည်သူများအား ၂၁-၁၀-၂၀၂၅ ရက်နေ့ နေ့လယ် ၁၃နာရီအချိန်က  စားသုံးသူအခွင့်အရေးနှင့်ပတ်သက်၍ သိရှိလိုသည်များကို စားသုံးသူရေးရာဦးစီးဌာနမှ ဖွင့်လှစ်ထားသော Call Center 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်သဘ်ု စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ သိရှိလိုပါက မေးမြန်းနိုင်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် သိရှိလိုပါက မေးမြန်းနိုင်ကြောင်း တက်ရောက်လာသူ ရပ်ကွက်နေပြည်သူများက မေးမြန်းလာရာ စားသုံးသူအရေး ကိစ္စနှင့်ပတ်သက်၍ မည်သည့်နေရာမှ သွားစရာမလိုပဲ မိမိနေအိမ်မှတဆင့် အလွယ်တကူ ခေါ်ဆိုနိုင်သော Call Center 1535 သို့နိုင်ကြောင်း ပြည်သူများ လုပ်ဆောင်တက်စေရန် လက်တွေ့ကူညီ ဆောင်ရွက်ခဲ့ကြောင်း ဘယ်သူတွေကနေ ဘယ်လိုနည်းလမ်းတွေနဲ့ တိုင်ကြားလို့ ရနိုင်ကြောင်းကို ပြည်သူသိရှိနိုင်ရန်အတွက်   တိုင်ကြား လို့ရတယ့်နည်းလမ်း (၇) မျိုးရှိကြောင်း၊  တိုင်ကြားနိုင်တဲ့ နည်းလမ်း အဆင့်ဆင့် တွေကတော့ DOCA Myanmar Application, CICC Naypyi Taw လူမှုကွန်ယက်၊ သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်ဦးစီးမှူးရုံးတွေကို လူကိုယ်တိုင် (သို့) စာဖြင့် တိုင်ကြားနိုင်၊ CICC ဖုန်း၊ Consumer Call Center No.1535 စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များမှ တစ်ဆင့် တိုင်ကြားလို့ရကြောင်း၊ ပို၍ လွယ်ကူတာကတော့  Consumer Call Center  ရယ့်      HOT Line No ဖြစ်တယ့် 1535 ကို  Mytel, Ooredoo , Telenor, MPT အသုံးပြုသူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်း အရာတွေကို သိရှိလိုသည််ဖြစ်ဖြစ်၊ တိုင်ကြားချင်သည် ဖြစ်ဖြစ်၊ HOT Line No လေးကို  အလွယ်တကူခေါ်ဆိုရုံဖြင့် ဆက်သွယ် တိုင်ကြားလို့ရကြောင်း ထပ်ဆင့် အသိပေးပြောကြား ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)