Main menu

ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အသိပညာပေးဆွေးနွေး

Powered by Drupal

      မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် ဆန်စပါး မြို့နယ်တွင်း ကြိတ်ခွဲထုတ်လုပ်နေသည့် ဆန်စက်များ၏ ဘေးထွက်ပစ္စည်း၊ စွန့်ပစ်ပစ္စည်းများဖြစ်သော စပါးခွံ(Rice Husk)နှင့် ဖွဲနု (Rice Bran) တို့မှတိုးဖိုးမြှင့်ထွက်ကုန်များ ထုတ်လုပ်နိုင်ရေး နှင့် ဆန်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ကွင်းဆင်း၍ ပန်းတနော် ဆန်စက်လုပ်ငန်းရှင်များနှင့် ပန်းတနော် မြို့နယ် တာဝန်ခံရုံးတွင် ၂၄-၁၀-၂၀၂၅ နံနက် ၁၀နာရီအချိန်က တွေ့ဆုံ‌ဆွေးနွေးခဲ့ကြသည်။

        ဆွေးနွေးရာတွင် မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းက လက်ရှိ စပါးထွက်ရှိမှုအပေါ် ဝယ်ယူနေမှုဈေးနှုန်း အခြေအနေများ၊ လက်ရှိ စပါးဈေးနှုန်းအခြေအနေများ၊ ဆန်စက်မှု အသုံးပြုသော စပါးအခြောက်ခံ စက်အခြေအနေ များကိုမေးမြန်းဆွေးနွေးခြင်း၊မြို့နယ် ဆန်စပါး ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဆန်စပါး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း‌ဆောင်ရွက်နိုင်ရေးနှင့် အသင်းအဖွဲ့များ ရှင်သန်နိုင်ရေး စုပေါင်းဆောင်ရွက် ရန်လိုအပ်ကြောင်း၊ ဒေသတွင် ဈေးနှုန်းဈေးကွက်အခြေအနေများကို အသင်းအဖွဲ့မှ ကြပ်မတ်ဆေညင်ရွက်ပြီး မြေပြင်အခြေအနေမှန်များကို သုံးသပ်၍ စိစစ်ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်းကိုလည်းကောင်း၊  Gasifier လည်ပတ်မှု နည်းစနစ်မှန်ကန်စေရေး၊  ဆန်စက်မှ ရထုတ်ကျန် စပါး/ဆန်စာရင်းများကိုလည်း စာရင်းပြုစုထားရှိရန် ၊ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်း စစ်ဆေး ဆောင်ရွက် သည့်အခါ အဆင်ပြေလွယ်ကူစွာ တင်ပြဆွေးနွေးနိုင်ကြောင်းကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း ပန်းတနော်မြို့နယ်မှ ဆန်စက်လုပ်ငန်းရှင် ၅ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)