
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် မအူပင်မြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူ ရေးရာအသိပညာပေးဟောပြောပွဲကို မအူပင်ခရိုင်ဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင် မိတ်ဖက်ဌာနဖြစ်သော စည်ပင်သာယာရေးအဖွဲ့နှင့်အတူ (၂၅-၁၀-၂၀၂၅) ရက်နေ့ နေ့လယ် (၁၄:၀၀) နာရီ အချိန်က ဆီလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက စားသုံးသူအခွင့်များ အပြည့်အဝရရှိစေရန်နှင့် တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်အလက် များသိရှိရန်၊ ဆီရောင်းချမှုနှင့် စပ်လျဉ်း၍ သတ်မှတ်ချက်များ၊ လမ်းညွှန်ချက်များကို လုပ်ငန်းရှင်များအားလင်းရှင်းဖတ်ကြားဆွေးနွေးပြီး၊ ရရှိသော ဆီခွဲတမ်းများကို သတ်မှတ် နေရာများ အမှန်တကယ်ရောက်ရှိ ရောင်းချနိုင်စေရေး အသိပညာပေးခြင်း စီးပွားရေးလုပ်ငန်းရှင် များ အနေဖြင့် ဥပဒေအချက်အလက်များကို သိရှိလိုက်နာဆောင် ရွက်နိုင်စေရန် ရည်ရွယ်ပြီး စားသုံးသူ များနစ်နာမှုရှိပါက မအူပင်ခရိုင်ဦးစီးမှူးရုံးသို့လည်းကောင်း ဆက်သွယ်တိုင်ကြား နိုင်ကြောင်းနှင့် မအူပင်မြို့နယ်အတွင်ရှိ ဆီလုပ်ငန်းရှင်(၂၅)ဦး တက်ရောက်ခဲ့ပြီး စားသုံးသူ ရေးရာဦးစီးဌာနမှ၊ အသိပညာပေးဟောပြောခြင်းများနှင့် အသိပညာပေးလက်ကမ်းစာ စောင်များကိုဝေငှခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)
