
ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန နှင့် စဉ့်ကိုင်မြို့ ၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး အောက်တိုဘာလ(၂၂)ရက်နေ့တွင် စဉ့်ကိုင်မြို့၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု Community Center ခန်းမ၌ Online ရောင်းဝယ်မှုဆိုင်ရာအကြောင်းအသိပညာပေး Talk Show ဆွေးနွေးပွဲဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် စဉ့်ကိုင်မြို့ ၊ ပြန်ကြားရေးနှင့်ပြန်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဝင်းသန်းက အသိပညာပေး Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး စားသုံးသူရေးရာဦးစီးဌာန ၊ စဉ့်ကိုင်မြို့နယ်တာဝန်ခံ ဦးစိုးလွင်က e-Commerce Registration စနစ်မှတစ်ဆင့် လျှောက်ထားသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်း လုပ်ငန်းများနှင့်ပတ်သက်ပြီး ဆွေးနွေးပြောကြားရာတွင် Online Sale စနစ်ဖြင့်ရောင်းချခြင်း ဆိုသည်မှာ လူမှုကွန်ယက် ဆိုရှယ်မီဒီယာများဖြစ်သော Facebook ၊ Viber ၊ Tiktok စသည်တို့မှ လူသုံးကုန်ပစ္စည်းများဖြစ်သော အလှကုန်၊ ဆေးဝါး၊ စားသောက်ကုန်လုပ်ငန်းများကို အင်တာနက် စနစ်ဖြင့်ရောင်းချလုပ်ကိုင်ခြင်းကိုဆိုလိုကြောင်း၊ ထိုသို့ရောင်းချရာတွင် စားသုံးသူများလုံခြုံစိတ်ချရမှု ရှိစေရေးအတွက် သက်ဆိုင်ရာဦးစီးဌာနမှ သတ်မှတ်ထားသော လျှောက်လွှာပုံစံတွင် Online စနစ်ဖြင့် မှတ်ပုံတင်လက်မှတ်လျှောက်ထားရောင်းချရမည်ဖြစ်ကြောင်း ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားသူသည် ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်ပြီး အသက်(၁၈)နှစ်ပြည့်ပြီးသူ ၊ ရောင်းချမည့် လုပ်ငန်းနေရာကို တင်ပြနိုင်ရမည်ဖြစ်ကြောင်း၊အဆိုပါ မှတ်ပုံတင်လက်မှတ်ရှိထားပါက စားသုံးသူ၏ တိုင်ကြားမှုတွင် ဥပဒေအရ ကာကွယ်ခုပိုင်ခွင့်ရှိပြီး ကုန်စည်(သို့)ဝန်ဆောင်မှုကိုရောင်းချရာတွင် သဘောတူညီချက်၊ တန်ဖိုးတို့နှင့်အညီပေးချေမှုကိုလက်ခံရယူပိုင်ခွင့်ရှိခြင်း၊ တရားဝင် လွတ်လပ်စွာ အရောင်းအဝယ်ပြုနိုင်ခြင်းစသည့်အားသာချက်များရှိကြောင်းစသည်ဖြင့် အကျယ်တဝင့် ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA (မန္တလေး)
