Main menu

ကျိုင်းတုံမြို့နယ်အတွင်းရှိ ဆန်စက်နှင့်ဆန်သိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

       ၂၀၂ခုနှစ်၊ အောက်တိုဘာလ(၂၇)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေး ရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ကျိုင်းတုံမြို့နယ်၊ ရပ်ကွက်(၃/၄)အတွင်းရှိ ဆန်စက်နှင့်ဆန်သိုလှောင်ရုံများအား ဆန်သိုလှောင်ထားရှိမှု၊ ဆန်ကြိတ်ခွဲမှု၊ ဆန်လက်ကျန်အခြေအနေနှင့် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေး အတွက် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့နယ်အတွင်းရှိ ဆန်စက်နှင့်ဆန်သိုလှောင်ရုံများတွင် ဧည့်မထဆန်၊ မှော်ဘီ(၃)ဆန်၊ ရွှေရင်အေးဆန်/စပါးများကိုသာ ကြိတ်ခွဲ ရောင်းဝယ်မှုပြုကြသည်ကို တွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများ သည် ဆန်စက်ပိုင်ရှင်များအား သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းဝယ်မှုပြုကြရန်၊ ဈေးကစား ရန်အလို့ငှာ သိုလှောင်ခြင်းများမပြုကြရန်၊ စပါးတင်း(၂၅၀၀)နှင့်အထက် စပါးသိုလှောင်ရုံများအား MyRo တွင် မှတ်ပုံတင်သက်တမ်းတိုးရန် စပါး/ဆန်ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန်စာရင်းများ ပြုစုပေးပို့ရန်နှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)