Main menu

အွန်လိုင်းမှတ်ပုံတင်လျှောက်ထားသည့်လုပ်ငန်းအား မြေပြင်စစ်ဆေးဆောင်ရွက်

Powered by Drupal

  တိုင်းဒေကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှုဖြင့်(၂၃.၁၀.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊  မုံရွာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း (၂)ဦးတို့သည် Online Sales မှတ်ပုံတင်ထားသော မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်ရှိ Double B အထည်အလိပ် လုပ်ငန်းသို့ မှတ်ပုံတင်လျှောက်ထားရာတွင် ဖော်ပြထားသော အချက်များနှင့် မြေပြင် အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ ပါသည်။

  ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်ရှိ ဒေါ်နှင်းဝေဇင်  Double B Online Sales မှတ်ပုံတင်ရာတွင် ထည့်သွင်း လျှောက်ထားသည့် အချက်များ (၁၈) ချက်နှင့် မြေပြင်တွင်သွားရောက် စစ်ဆေးသည့်အချက်အလက် များ ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)