Main menu

  မြိတ်မြို့သို့ ဆန်လှေများ ရောက်ရှိလာ

Powered by Drupal

       မြိတ်ခရိုင်ဆန်ကုန်သည်များအသင်းသည် မြိတ်ခရိုင်အတွက် လိုအပ်သောဆန်များကို ရန်ကုန် နှင့် ဧရာဝတီတိုင်းတို့မှမှာယူလျက်ရှိပြီး (၂၁.၁၀.၂၀၂၅)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ် ခရိုင်၊ ပုသိမ်မြို့နယ်မှသယ်ဆောင်လာသော MV ရွှေလက်ဝါးရေယာဉ်ဖြင့် ဆန်တန်(၃၀၀)၊ အိတ်ရေ (၆၀၀၀)နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်မှ သယ်ဆောင်လာသော MV မြမြမွန်ရေယာဉ်ဖြင့် ဆန်တန်(၄၇၅)၊ အိတ်ရေ (၉၅၀၀)တို့သည် (၂၆.၁၀.၂၀၂၅) ရက်နေ့တွင် မြိတ်မြို့သို့ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ရောက်ရှိလာသောရေယာဥ်ကိုမြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်အကောက် ခွန်ဦးစီးဌာန၊ မြိတ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြိတ်ကုန်သွယ်ရေးဦးစီး ဌာန၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့ပါဝင်သောအဖွဲ့များဖြင့်  ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)