Main menu

ပြည်ခရိုင်ဦးစီးမှူးရုံး၌ Thursday Talk အခမ်းအနားကျင်းပ

Powered by Drupal

    ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၃)ရက်နေ့၊ နေ့လယ်  (၁၄:၀၀)နာရီအချိန်တွင် စားသုံးသူ ရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ဝန်ထမ်းများအား အကောက်တောင်ဘုရားသမိုင်းကြောင်း ခေါင်းစဉ်နှင့်စပ်လျဉ်း၍ အသိပညာပေး ဗဟုသုတများ တိုးပွားစေရန်နှင့် လိုက်နာဆောင်ရွက်နိုင်ရန် Thursday Talk အသိပညာပေး ဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါ ဆွေးနွေးပွဲတွင် ဦးစောနေလ (အငယ်တန်းစာရေး)က အကောက်တောင် ဘုရား သမိုင်းကြောင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဝန်ထမ်းများမှ သိရှိလို သည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း ဆွေးနွေးပွဲသို့ ဝန်ထမ်း (၂၀)ဦး တက်ရောက်ခဲ့ပါ ကြောင်းနှင့် ဆွေးနွေးပွဲအား နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် ပြီးဆုံးကြောင်း သတင်းရရှိပါသည်။

DOCA (ပဲခူး)