
စားသုံးသူရေးရာဦးစီးဌာန ဇလွန်မြို့နယ်တာဝန်ခံသည်(၂၄.၁၀.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဇလွန်မြို့နယ်၊ သံလွင်ကွင်းကျေးရွာရှိ စားအုန်းဆီ လက်ကား၊ လက်လီ ရောင်းချသည့် အရောင်းဆိုင်များမှ စားသုံးသူပြည်သူများသို့ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့် စာအုပ်များဖြင့် ဆီရောင်းချမှုအခြေအနေ၊ သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး၊ ဆီဖြန့်ဖြူးရောင်းချရာတွင် အိမ်ထောင်စုများသို့ ကျယ်ကျယ်ပြန့်ပြန့်ရာနှုန်းပြည့်မီအောင် ရောင်းချ ပေးစေရေး၊ သတ်မှတ်ကာလအတွင်း သတ်မှတ်ပမာဏကို သတ်မှတ်ဈေးနှုန်းဖြင့် အရည် အသွေး၊ အလေးချိန် ပြည့်ဝစွာ ရောင်းချမှု ရှိ/မရှိနှင့် စားအုန်းဆီဖြန့်ဖြူးရောင်းချပေးနေမှုများအား ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါ သည်။
DOCA (ဧရာဝတီ)
