
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စက်မှုလုပ်ငန်းများအတွက် လိုအပ်သည့် စားအုန်းဆီများ ထုတ်ယူရရှိရေအတွက် တိုင်းဒေသကြီးစက်မှုလုပ်ငန်းသုံး စားအုန်းဆီထုတ်ယူဖြန့်ဖြုးမှု ကြီးကြပ်ရေး အဖွဲ့နှင့် စက်မှုလုပ်ငန်းသုံးလုပ်ငန်းရှင်များ၊ဆီထုတ်ကိုယ်စားလှယ်များ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေး ကို ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့ နေ့လယ် (၁၄း၀၀) နာရီတွင် ကျင်းပခဲ့ပြီး ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင်နှင့်အဖွဲ့ဝင်များအပါအဝင် inpersonal (၃၀) ဦး၊Online ဖြင့် (၂၁)ဦး ၊ စုစုပေါင်း ( ၅၁ ) ဦးတက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စက်မှုလုပ်ငန်းသုံးစားအုန်းဆီ ထုတ်ယူဖြန့်ဖြူးမှု ကြီးကြပ်ရေးအဖွဲ့၊အဖွဲ့ခေါင်းဆောင် က စက်မှုလုပ်ငန်းများအတွက် လိုအပ်သော စားအုန်းဆီများ ရရှိရေးအတွက် လျှောက်လွှာများလျှောက်ထားရာတွင် သက်ဆိုင်ရာဌာနများက ခွင့်ပြုထုတ်ပေး သော လိုင်စင်များပြည့်စုံစွာလျှောက်ထားရန်လိုအပ်ကြောင်း၊ လုပ်ငန်းတွင်အမှန်တကယ်အသုံးပြု သည့် အရေအတွက်များအတိုင်း အနီးစပ်ဆုံးလျှောက်ထားစေလိုကြောင်း၊ လုပ်ငန်းများတွင် အသုံးပြုသည့် စားအုန်းဆီများကိုလည်း အခြားနေရာများတွင် ပြန်လည်ရောင်းချ၍မရကြောင်း၊ အလွဲသုံစားမှုများတွေ့ရှိရပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ် ကြောင်း နှင့် စားအုန်းဆီများလျှောက်ထားပြီး အချိန်မီငွေသွင်းခြင်းဆီထုတ်ယူခြင်းများမရှိပါက ဆီလျှောက်ထားခွင့်များ ပိတ်မည်ဖြစ်ကြောင်းနှင့်ကြီးကြပ်ရေးအဖွဲ့ဝင်ဌာနနများက သက်ဆိုင်ရာ ဌာနအလိုက် လိုင်စင်များလျှောက်ျထားရာတွင် ပေးသွင်းရမည့်နှုန်းထားများအား ရှင်းလင်း ဆွေးနွေးပြီး အစည်းအဝေးကို (၁၆း၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
