Main menu

အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့ရှိ စားအုန်းဆီလက်ကား၊ လက်လီကိုယ်စားလှယ်ဆိုင်များ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၃၀.၁၀.၂၀၂၅)ရက် နေ့ ညနေ (၁၆:၂၀) နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့ရှိ စားအုန်းဆီလက်ကား၊ လက်လီ ကိုယ်စားလှယ် ဦးအောင်မျိုးမင်း ရောင်းချနေသည့် အမှတ်(၃)ရပ်ကွက်ရှိ စားသုံးသူပြည်သူ များသို့ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့်စာအုပ်များဖြင့်ဆီရောင်းချမူအခြေအနေ၊ သတ်မှတ် ရည်ညွှန်း ဈေးထက် ​ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး၊ ဆီဖြန့်ဖြူးရောင်းချရာတွင် အိမ်ထောင်စုများ သို့ ကျယ်ကျယ်ပြန့်ပြန့် ရာနှုန်းပြည့်မီအောင် ရောင်းချပေးစေရေး၊ သတ်မှတ်ကာလအတွင်း သတ်မှတ် ပမာဏကို သတ်မှတ်ဈေးနှုန်းဖြင့် အရည်အသွေး၊ အလေးချိန်ပြည့်ဝစွာ ရောင်းချမှု ရှိ/မရှိ နှင့် စားအုန်းဆီဖြန့်ဖြူးရောင်းချပေးနေမှုများအား ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)