
ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ နှင့် ဝန်ထမ်းများသည် ၂၅.၁၀.၂၀၂၅ ရက်နေ့ ၊ နံနက် (၁၂:၀၀)နာရီအချိန်တွင် ကျောင်းအုပ်ဆရာမကြီး နှင့် ကျောင်းမုန့်စျေးတန်းကြီးကြပ်ကော်မတီ ဆရာမများနှင့်အတူ အထက-မိုးကြိုးပစ်၏ ကျောင်း မုန့်စျေး ဆိုင်များသို့ သွားရောက်၍ ရောင်းချလျှက်ရှိသော မုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိရေး ၊ ရက်လွန်မုန့်များ၊ FDA မှ တားမြစ် မုန့်များ မဖြစ်စေရေး မှာကြားခဲ့ပါသည်။ ပြီးနောက် သန့်ရှင်းလတ်ဆတ်သော ဒေသထွက် မာလကာသီးများ ရောင်းချနေမှုအား ကြည့်ရှု့ စစ်ဆေးပြီး စားသုံးသူ ကျောင်းသား/ ကျောင်းသူများ ဘေးအန္တရာယ်ကင်းစေမည့် မုန့်များကိုသာ ရောင်းချစေရေး အသိပညာပေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
