
ကျုံပျော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် ဝန်ထမ်းများနှင့်အတူ ၂၅.၁၀.၂၅ ရက်နေ့၊ နေ့လည် (၁၃း၀၀) အချိန်တွင် တိုက်ရွာအုပ်စုရှိ မိသားစုများသို့ စားအုန်းဆီဝယ်ယူခွင့် စာအုပ်ဖြင့် (၁၀) ရက်တစ်ကြိမ် ရောင်းချပေးလျက်ရှိသော ကုန်မျိုးစုံဆိုင်များသို့ သွားရောက်၍ လက်ကားဆီဆိုင်မှ သတ်မှတ်ပေးသော ရောင်းဈေးအတိုင်း ရောင်းချပေးရန်၊ ရက်ချိန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်၊ ရောင်းချပေးရန်၊ ရောင်းချပေးသည့်အတိုင်း ဆီဝယ်ယူခွင့် စာအုပ်တွင် စနစ်တကျ ရေးသွင်းထားရှိရန်များမှာကြာပြီး ကျေးရွာအတွင်းပြည်သူများ၏ ဆီဝယ်ယူခွင့်စာအုပ်များအား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
