Main menu

မအူပင်ခရိုင် စက်မှုဇုန် လုပ်ငန်းများသို့ စားသုံးသူရေးရာဌာနမှ ခရိုင်ဦးစီးမှူးနှင့်အဖွဲ့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းသည် တာဝန်ရှိသူများနှင့်အတူ  ၃၀-၁၀-၂၀၂၅ ရက်နေ့ မွန်းလွဲပိုင်းက မအူပင်မြို့စက်မှုဇုန်ရှိ စက်ရုံများမှ စွန့်ပစ်ပစ္စည်းထွက်ရှိမှုနှင့် ပတ်ဝန်းကျင်အပေါ်ထိရောက်နိုင်မှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

       ကွင်းဆင်း စစ်ဆေးရာတွင် စက်ရုံမှထုတ်လုပ်သော ထုတ်ကုန်ပစ္စည်းများ အရည် အသွေးပြည့်မီစေရေး အတွက် အရည်အသွေး စီမံခန့်ခွဲမှုစနစ်များ ထူထောင်ထားရှိရန်နှင့် ဈေးကွက်သုတေတနလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန် မှာကြားကာ  ဝန်ထမ်း များ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ထောက်ပံ့ငွေများ ပေးအပ်ပြီး စက်ရုံအတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။ အဆိုပါစက်မှုဇုန်ရှိ  New Talent Co.ltd အထည်ချုပ်စက်ရုံစက်ရုံ၊ Wilkes Myanmar Co.ltd  မှိုယာ၊ ခေါင်းအုံးစွပ် စက်ရုံ၊ ShengZe Glopes  Co.ltd လက်အိတ်စက်ရုံ၊  တို့၏  လုပ်ငန်းများ လည်ပတ်ဆောင်ရွက်မှု အခြေအနေများ၊ စွန့်ပစ်ပစ္စည်းထွက်ရှိမှု အခြေအနေများ၊ ပတ်ဝန်းကျင်အပေါ် သက်ရောက်နိုင်မှု အခြေအနေများကို စစ်ဆေးခဲ့ပြီး စက်ရုံများရှိ တာဝန်ရှိသူများအား စက်ရုံမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်‌ ဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။

DOCA(ဧရာဝတီ)