Main menu

မအူပင်မြို့နယ် အခြေခံစားသောက်ကုန်နှင့် သားငါး၊ သစ်သီးဝလံဈေးနှုန်း စာရင်းကွင်းဆင်းစစ်ဆေး စာရင်းကောက်ယူလျက်ရှိ

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ အခြေခံစားသောက်ကုန်ဈေးနှုန်းများ ကွင်းဆင်းလေ့လာခြင်းကို ၃၀-၁၀-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက မအူပင်မြို့ပေါ်ရှိ မြို့မဈေး၊ မင်္ဂလာဈေး၊ အခွန်လွတ်ဈေးနှင့် ကမ်းနားလမ်းရှိ အခြေခံစားသောက်ကုန်အရောင်း ဆိုင်ကြီးများမှ ရောင်းချနေသည့် ဈေးနှုန်းများအား ကွင်းဆင်း‌မေးမြန်စုံစမ်းခြင်းများ ကို လစဉ်နှင့် အပတ်စဉ် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

        အဆိုပါ ကွင်းဆင်းမေးမြန်းစုံစမ်းခြင်းအား မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ခိုင်ခိုင်လင်း ဒုဦးစီးမှူးနှင့် ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများမှ အခြေခံစားသောက်ကုန်များဖြစ်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်ခြောက်၊ ငရုတ်အပွ၊ ကုလားပဲ၊ ဆီ၊ ဆား၊ ဂျင်း၊ အသားဈေးနှုန်းများ၊ ငါးဈေးနှုန်းများ၊ သစ်သီးဝလံဈေးနှုန်းများ၊ ဟင်းသီးဟင်းရွက်ဈေးနှုန်းများ ဈေးနှုန်းသုံးသပ်ချက်စာရင်း စိစစ်တင်ပြနိုင်ရန်၊ ကွင်းဆင်းကောက်ခံခဲ့ကြပြီး ရောင်းချသူလုပ်ငန်းရှင်များကို ဈေးနှုန်းမြှင့်တင်၍ ရောင်းချခြင်းများ မပြုရန်နှင့် သင့်တင့်မျှတသောဈေးနှုန်းဖြင့် ရောင်းချရန်၊ အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)